သာသနမာမက အသင်း

အေးချမ်းသာယာရွာ၊ ကော့ဝါလဲအုပ်စု၊ ကျုံဒိုးမြို့၊ ကော့ကရိတ်မြို့နယ်၊ ကရင်ပြည်နယ်။ မြန်မာ။
ဖုန်း - ၀၉ ၇၉၁ ၆၆၈ ၂၇၁၊ ၀၉ ၄၄၄ ၄၂၉ ၉၉၁
အီးမေးလ် - [email protected]
Website: sarsanamarmaka.org

အသုံးပြုနည်းလမ်းညွှန်


၁။ ဝင်ခွင့်တင်ရန်အတွက် ပထမဦးဆုံးအနေဖြင့် https://sarsanamarmaka.org သို့ဝင်ရောက်၍ website ၏ ပင်မစာမျက်နှာတွင်ရှိသော “ဝင်ခွင့်မှတ်ပုံတင်ရန်” ဟူသော စာသားကို ကလစ်နှိပ်ပါ။ ပုံ (၁)။

ပုံ (၁)


၂။ သာသနမာမကအသင်းမှ မှတ်ပုံတင်ပေးထားသော ဖုန်းနံပါတ်နှင့် လျှို့ဝှက်ကုတ်ကို ရိုက် ထည့်ပြီး Login ဝင်ပါ။ (မှတ်ပုံမတင်ရသေးသည့် ကျောင်းတိုက်အသစ်သည် ကျောင်းတိုက်နှင့် ဖုန်းနံပါတ်ကို မှတ်ပုံတင်ပြီး လျှို့ဝှက်ကုတ်ကို ရယူရန်လိုအပ်ပါသဖြင့် မိမိကျောင်းတိုက်မှ တာဝန်ခံတစ်ပါးအနေဖြင့် အသင်း၏ ဖုန်း- ၀၉ ၇၉၁ ၆၆၈ ၂၇၁၊ ၀၉ ၄၄၄ ၄၂၉ ၉၉၁ သို့ ဆက်သွယ်ပေးပါ။ မှတ်ပုံတင်ပြီးကျောင်းတိုက်သည် တာဝန်ခံ၏ ဖုန်းနံပါတ် ပြောင်းလဲလိုပါက သို့မဟုတ် လျှို့ဝှက်ကုတ်မေ့နေပါက အသင်းသို့ ဆက်သွယ်ပေးပါ။ တာဝန်ခံ၏ ဖုန်းနံပါတ်မှာ Viber ဖွင့်ထားသော ဖုန်းနံပါတ်ဖြစ်လျှင် ပို၍ အဆင်ပြေပါသည်။) ပုံ (၂)။

ပုံ (၂)


၃။ Login ဝင်ပြီးလျှင် “ဝင်ခွင့်တင်ရန်” ကို ကလစ်နှိပ်ပါ။ ပုံ (၃)။

ပုံ (၃)


၄။ ဖြေဆိုမည့် အဆင့်ကို ရွေးချယ် ကလစ်နှိပ်ပါ။ ပုံ (၄)။

ပုံ (၄)


၅။ ပထမဆင့် ဝင်ခွင့်တင်သူသည် အသစ်တင်မည့်သူဖြစ်ပါက “ဝင်ခွင့်အသစ်တောင်းသူ” ကို ရွေးချယ်ပြီး အချက်အလက်အားလုံးကို တစ်ခုမှ မကျန်စေဘဲ ဖြည့်သွင်းပါ။ ပုံ (၅)။

ပုံ (၅)


၆။ ပထမဆင့်ကို ဝင်ရောက်ဖြေဆိုခဲ့ပြီး ကျရှုံးသူဖြစ်ပါက “ဝင်ခွင့်မှတ်ပုံတင်ပြီးသူ” ကို ရွေးချယ်ပြီး ကိုယ်ပိုင်အမှတ်စဉ် သို့မဟုတ် နာမည်နှင့် ယခင်ဖြေဆိုခဲ့သည့် ခုံအမှတ်ကို တိကျမှန်ကန်စွာ ဖြည့်သွင်းပါ။ ကိုယ်ပိုင်အမှတ်စဉ် သို့မဟုတ် နာမည်နှင့် ခုံအမှတ်ကို တိကျမှန်ကန်စွာ ဖြည့်သွင်းနိုင်လျှင် ယခင် တင်သွင်းခဲ့သည့် အချက်အလက်များ အလို အလျောက်ပေါ်လာမည် ဖြစ်သည်။

ပုံ (၆)


၇။ ဒုတိယဆင့်နှင့် တတိယဆင့် ဝင်ခွင့်တင်သူသည် ကိုယ်ပိုင်အမှတ်စဉ် သို့မဟုတ် နာမည်နှင့် ဤအသင်း၌ အောင်မြင်ခဲ့သည့် ခုံအမှတ်ကို တိကျမှန်ကန်စွာ ဖြည့်သွင်းပါ။ ကိုယ်ပိုင်အမှတ်စဉ် သို့မဟုတ် နာမည်နှင့် ခုံအမှတ်ကို တိကျမှန်ကန်စွာ ဖြည့်သွင်းနိုင်လျှင် ယခင် တင်သွင်းခဲ့သည့် အချက်အလက်များ အလိုအလျောက်ပေါ်လာမည် ဖြစ်သည်။ (၁၃၈၅ ခုနှစ် (စတုတ္ထ) အကြိမ်မြောက် စာမေးပွဲတွင် မအောင်မြင်ခဲ့၍ ဝင်ခွင့်တင်မည့်သူဖြစ်ပါက ၎င်းနှစ် ဖြေဆိုခဲ့သည့် ခုံအမှတ်ကို ဖြည့်သွင်းပါ။) ပုံ (၇)။

ပုံ (၇)


၈။ လိုအပ်သော အချက်အလက်အားလုံးကို သေချာစွာ ပြန်လည်စစ်ဆေးပြီး မှားယွင်းပါက ပြင်ဆင်ပေးပါ။ လျှောက်ထားသူ၏ ဓာတ်ပုံကို ထည့်သွင်း ရာတွင် ၂ လက်မပတ်လည်ခန့် ဓာတ်ပုံကို ထည့်သွင်းရမည်။ File Size 2 MB ထက် မကျော်စေရပါ။ ရေးသွင်းချက်များ မှန်ကန်ကြောင်း အသိအမှတ်ပြုကလစ်နှိပ်မှသာ တင်သွင်းသည့် Submit ခလုပ် နှိပ်၍ ရပါမည်။ ပုံ (၈)။

ပုံ (၈)


၉။ ဝင်ခွင့်တင်ပြီးပါက “ဝင်ခွင့်တင်ထားသူများ” ကို ကလစ်နှိပ်ပြီး ကြည့်ရှုနိုင်ပါသည်။ ဖြေဆိုရန် အတည်ပြုခံရသူများကို “အတည်ပြုပြီးသူများ” ကို ကလစ်နှိပ်ပြီး ကြည့်ရှုနိုင်ပါသည်။ ထို့နည်းတူ “ငြင်းပယ်စာရင်း”နှင့် “အောင်စာရင်း၊ ကျရှုံးစာရင်း” များကိုလည်း ကလစ်နှိပ်ပြီး ကြည့်ရှုနိုင်ပါသည်။ ပုံ (၉)။

ပုံ (၉)


၁၀။ဝင်ခွင့်တင်သည့် System မှ ထွက်လိုပါက “ထွက်ရန်” ကို ကလစ်နှိပ်ပြီး ထွက်နိုင်ပါသည်။ ပုံ (၁၀)။

ပုံ (၁၀)